ကမ္ဘာဦး 36:20Common Language Bibleဧဒုံအရပ်တွင်မူလနေထိုင်သူတို့သည်ဟောရိ အမျိုးသားစိရ၏သားတို့မှဆင်းသက်လာ သောအဆက်အနွယ်များဖြစ်ကြသည်။ ထိုသား တို့မှာလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်ကြသည်။ အခန်းကိုကြည့်ပါ။ |
ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။)
ကိုယ်တော်သည်ဧဒုံတောင်ကုန်းဒေသတွင် နေ ထိုင်သောဧသော၏အဆက်အနွယ်များဖြစ် သည့်ဧဒုံအမျိုးသားတို့အတွက်လည်း ထို နည်းတူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟောရိအမျိုးသားများကိုဖယ်ရှားလိုက် သဖြင့် ဧဒုံအမျိုးသားတို့သည်ထိုသူ တို့၏ပြည်ကိုသိမ်းပိုက်၍ ယနေ့တိုင်အောင် ထိုပြည်၌အခြေချနေထိုင်လျက်ရှိ ကြသည်။-