ကမ္ဘာဦး 35:27Common Language Bibleယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။- အခန်းကိုကြည့်ပါ။ |
ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-