ကမ္ဘာဦး 35:23Common Language Bibleလေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။ အနွယ် အုပ်ချုပ်သူ ရုဗင် ဇိခရိ၏သားဧလျေဇာ။ ရှိမောင် မာခ၏သားရှေဖတိ။ လေဝိ ကေမွေလ၏သားဟာရှဘိ။ အာရုန် ဇာဒုတ်။ ယုဒ ဒါဝိဒ်၏အစ်ကိုဧလိဟု။ ဣသခါ မိက္ခေလ၏သားသြမရိ။ ဇာဗုလုန် သြဗဒိသားဣရှမာယ။ နဿလိ အာဇရေလ၏သား ယေရိမုတ်။ ဧဖရိမ် အာဇဇိ၏သားဟောရှေ။ အနောက်ပိုင်းမနာရှေ ပေဒါယ၏သားယောလ။ အရှေ့ပိုင်းမနာရှေ ဇာခရိ၏သားဣဒ္ဒေါ။ ဗင်္ယာမိန် အာဗနာ၏သားယာသေလ။ ဒန် ယေရောဟံ၏သား အာဇရေလ။
ယေရုရှလင်မြို့သို့ဝင်ရန်တံခါးများမှာအောက်ပါအတိုင်းဖြစ်၏ ။ မြို့ရိုးတစ်ခုလျှင်ကိုက်ပေါင်းနှစ်ထောင့်ငါးရာ့နှစ်ဆယ်ရှည်၍တံခါးသုံးခုစီရှိ၏။ ထိုတံခါးတို့ကိုဣသရေလအနွယ်စုတို့၏နာမည်များဖြင့်မှည့်ခေါ်၍ထားလေသည်။ မြောက်မြို့ရိုးတွင်ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍လည်းကောင်း၊ အရှေ့မြို့ရိုးတွင် ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍လည်းကောင်း၊ တောင်မြို့ရိုးတွင်ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍လည်းကောင်း၊ အနောက်မြို့ရိုးတွင်ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍လည်းကောင်းနာမည်ပေးထားသတည်း။
ယာကုပ်၏သားဦးဖြစ်သူရုဗင်၏အနွယ်မှအစပြု၍ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိအမျိုးသားအားလုံးတို့ကို သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေ၏။ စုစုပေါင်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ဦးရေ ရုဗင် ၄၆၅၀၀ ရှိမောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယုဒ ၇၄၆၀၀ ဣသခါ ၅၄၄၀၀ ဇာဗုလုန် ၅၇၄၀၀ ဧဖရိမ် ၄၀၅၀၀ မနာရှေ ၃၂၂၀၀ ဗင်္ယာမိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာရှာ ၄၁၅၀၀ နဿလိ ၅၃၄၀၀ စုစုပေါင်း ၆၀၃၅၅၀
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ အနွယ် သားချင်းစုအကြီးအကဲ ရုဗင် ရှေဒုရ၏သားဧလိဇုရ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ယုဒ အမိနဒပ်၏သားနာရှုန် ဣသခါ ဇုအာ၏သားနာသနေလ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ အာရှာ သြကရန်၏သားပါဂျေလ ဂဒ် ဒွေလ၏သားဧလျာသပ် နဿလိ ဧနန်၏သားအဟိရ
အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ယုဒ အမိနဒပ်၏သားနာရှုန် ၇၄၆၀၀ ဣသခါ ဇုအာ၏သားနာသနေလ ၅၄၄၀၀ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ၅၇၄၀၀ စုစုပေါင်း ၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။
ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ခေါင်းဆောင် ယုဒ ယေဖုန္နာ၏သားကာလက် ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒဒ် ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖန် ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟုဒ် နဿလိ အမိဟုဒ်၏သားပေဒဟေလ
သို့ဖြစ်၍သူတို့သည် မိမိတို့၏ပူဇော် သကာများကို အောက်တွင်ဖော်ပြပါ အစီအစဉ်အတိုင်းဆက်သကြ၏။ ရက် အနွယ် ခေါင်းဆောင် ပထမရက် ယုဒ အမိနဒပ်၏သားနာရှုန် ဒုတိယရက် ဣသခါ ဇုအာ၏သားနာသနေလ တတိယရက် ဇာဗုလုန် ဟေလုန်၏သားဧလျာဘ စတုတ္ထရက် ရုဗင် ရှေဒုရ၏သားဧလိဇုရ ပဉ္စမရက် ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ဆဋ္ဌမရက် ဂဒ် ဒွေလ၏သားဧလျာသပ် သတ္တမရက် ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ အဋ္ဌမရက် မနာရှေ ပေဒါဇုရ၏သား ဂါမလျေလ နဝမရက် ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒသမရက် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ဧကဒသမရက် အာရှာ သြကရန်၏သားပါဂျေလ ဒွါဒသမရက် နဿလိ ဧနန်၏သားအဟိရ သူတို့တစ်ဦးစီဆက်သသောပူဇော်သကာ များသည် ထပ်တူထပ်မျှဖြစ်၏။ ယင်းတို့မှာ တရားဝင်ချင်တွယ်နည်းအရအောင်စငါး ဆယ်အလေးချိန်ရှိ ငွေဖလားတစ်လုံးနှင့် အောင်စသုံးဆယ်အလေးချိန်ရှိငွေအင်တုံ တစ်လုံး (ယင်းငွေခွက်နှစ်ခုစလုံးတွင် ဘောဇဉ် သကာအတွက်ဆီနှင့်ရောသောမုန့်ညက်အပြည့် ပါရှိသည်။) နံ့သာပေါင်းအပြည့်ရှိသော အလေးချိန်လေးအောင်စရှိရွှေလင်ပန်း တစ်ချပ်၊ မီးရှို့ရာယဇ်အတွက်နွားထီးပေါက် တစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား သိုးကလေးတစ်ကောင်၊ အပြစ်ဖြေရာယဇ် အတွက်ဆိတ်တစ်ကောင်၊ မိတ်သဟာယယဇ် အတွက်နွားထီးနှစ်ကောင်၊ သိုးထီးငါး ကောင်၊ ဆိတ်ငါးကောင်နှင့်တစ်နှစ်သားသိုး ကလေးငါးကောင်စသည်တို့ဖြစ်သည်။
ထို့အပြင်ဘုရားသခင်သည်မိမိပြုတော် မူခဲ့သောပဋိညာဉ်တော်၏အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာ ကိုအာဗြဟံအားအပ်ပေးတော်မူ၏။ သို့ဖြစ်၍ အာဗြဟံသည်သားဣဇာက်ကိုရပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ သူ့အားအရေဖျား လှီးမင်္ဂလာကိုပေးလေ၏။ ထိုနည်းတူဣဇာက် သည်သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ် သည်သားတစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရေဖျားလှီးမင်္ဂလာကိုပေး၏။ ယာကုပ် ၏သားများကားလူမျိုး၏အဖတစ်ဆယ့် နှစ်ပါးတည်း။
ဣသခါအနွယ်ဝင်တို့၏ခေါင်းဆောင်များ သည် ဒေဗောရနှင့်အတူလိုက်ပါလာကြ၏။ ဣသခါအနွယ်ဝင်တို့သည်ဗာရက်နှင့်အတူ လိုက်လာကြ၏။ သူတို့သည်ဗာရက်နှင့်အတူလိုက်၍ ချိုင့်ထဲသို့ဆင်းခဲ့ကြ၏။ ရုဗင်အနွယ်ဝင်တို့မူကားညီညွတ်မှုမရှိသဖြင့် လိုက်ပါလာရန်မိမိတို့စိတ်ကိုမဆုံးဖြတ်နိုင်ကြ။
မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-