Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 35:16

Common Language Bible

ယာ​ကုပ်​နှင့်​သူ​၏​မိ​သား​စု​တို့​သည်​ဗေ​သ​လ အ​ရပ်​မှ​ခ​ရီး​ထွက်​ခဲ့​ကြ​ရာ ဧ​ဖ​ရတ်​မြို့​သို့ မ​ရောက်​မီ​ခ​ရီး​အ​တန်​ကွာ​နေ​ရာ​သို့​ရောက် သော်​ရာ​ခေ​လ​သည်​မီး​ဖွား​ရန်​အ​ချိန်​စေ့​၍ ဝေ​ဒ​နာ​ပြင်း​ပြ​စွာ​ခံ​ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ရာ​ခေ​လ​ကွယ်​လွန်​သော်​ဗက်​လင်​မြို့​ဟု​ခေါ် တွင်​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း​အ​နီး တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။-

ငါ​သည်​သင်​၏​မိ​ခင်​ရာ​ခေ​လ​အ​တွက် ကြောင့်​ဤ​သို့​စီ​မံ​ရ​သည်။ ငါ​သည်​မက်​ဆို ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​မှ​ပြန်​လာ စဉ် သင်​၏​မိ​ခင်​ရာ​ခေ​လ​သည်​ခါ​နာန်​ပြည် ဧ​ဖ​ရတ်​မြို့​အ​နီး​၌​ကွယ်​လွန်​၍​ငါ​သည် အ​လွန်​ဝမ်း​နည်း​ပူ​ဆွေး​၏။ ငါ​သည်​သူ​၏ အ​လောင်း​ကို​ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း အ​နီး​၌​သင်္ဂြိုဟ်​ခဲ့​၏'' ဟု​ဆို​လေ​၏။ (ဧ​ဖ​ရတ် မြို့​ကို​ယ​ခု​အ​ခါ​ဗက်​လင်​မြို့​ဟု​ခေါ် သည်။)

ထို​အ​ခါ​ဧ​လိ​ရှဲ​က``အေး​ချမ်း​စွာ​သွား​ပါ​လော့'' ဟု​ဆို​သ​ဖြင့် နေ​မန်​သည်​ထွက်​ခွာ​သွား​လေ​၏။ သူ​သည်​သွား​၍​အ​ဝေး​သို့​မ​ရောက်​မီ၊-

အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။-

ဗက်​လင်​မြို့​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​ကြောင်း​ကို ငါ​တို့​ကြား​သိ​ကြ​၍​ယင်း​သေတ္တာ​တော်​ကို ယာ​ရိမ်​ကွင်း​၌​တွေ့​ရှိ​ရ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဖ​ရတ်​ခ​ရိုင်၊ ဗက်​လင် မြို့၊ သင်​သည်​ယု​ဒ​ပြည်​တွင်​သိမ်​ငယ်​သော မြို့​တစ်​မြို့​ဖြစ်​သော်​လည်း ရှေး​မင်း​ဆက်​ထဲ မှ​ဣ​သ​ရေ​လ​အမျိုး​သား​တို့​ကို​အုပ်​စိုး မည့်​ဘု​ရင်​တစ်​ပါး​ကို​ငါ​ပေါ်​ထွန်း​စေ မည်'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊-

ဟေ​ရုဒ်​မင်း​သည်​မိ​မိ​အား​ပ​ညာ​ရှိ​တို့​လှည့်​စား သွား​ကြ​ကြောင်း​ကို​သိ​လျှင် ပြင်း​စွာ​အ​မျက်​ထွက် လေ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​ထံ​မှ​စုံ​စမ်း​သိ​ရှိ​ရ သည့်​အ​တိုင်း​ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​ထောက်​လျက် ဗက်​လင်​မြို့​နှင့်​အ​နီး​ပတ်​ဝန်း​ကျင် ကျေး​ရွာ​များ​ရှိ​နှစ်​နှစ်​အ​ရွယ်​နှင့်​နှစ်​နှစ်​အောက် သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​စေ​၏။

သို့​ရာ​တွင်​အ​မျိုး​သ​မီး​တို့​သည်​ဣန္ဒြေ​စောင့် လျက်​ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​မြင့် မြတ်​ခြင်း​ပါ​ရ​မီ​တို့​၌​ဆက်​လက်​ကြီး​ပွား ကြ​ပါ​မူ​မိ​မိ​တို့​သား​ဖွား​ပေး​ရ​ကြ​သည့် အ​တွက်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

မြို့​အ​ကြီး​အ​ကဲ​များ​နှင့်​အ​ခြား​သူ​တို့ က​လည်း``ငါ​တို့​သည်​အ​သိ​သက်​သေ​ဖြစ် ကြ​ပါ​၏။ သင်​၏​ဇ​နီး​အား​ယာ​ကုပ်​အ​တွက် သား​သ​မီး​အ​မြောက်​အ​မြား​မွေး​ဖွား​ပေး သည့်​ရာ​ခေ​လ​နှင့်​လေ​အာ​တို့​ကဲ့​သို့​ဖြစ် စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ သော။ သင်​သည်​လည်း​ဧ​ဖ​ရတ်​သား​ချင်း​စု တွင်​ချမ်း​သာ​ကြွယ်​ဝ​လျက် ဗက်​လင်​မြို့ ၌​ထင်​ပေါ်​ကျော်​စော​ပါ​စေ​သော။-

ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-

သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​၌​အ​နီး​ရှိ အ​မျိုး​သ​မီး​များ​က``အား​ခဲ​၍​ထား​ပါ။ သင်​သည်​သား​ယောကျာ်း​က​လေး​ကို​ဖွား​မြင် လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​ရာ​တွင်​သူ​သည် ဂ​ရု​မ​စိုက်၊ စ​ကား​ပြန်​မ​ပြော​ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ