ကမ္ဘာဦး 34:8Common Language Bibleဟာမော်ကသူတို့အား``ငါ့သားရှေခင်သည် သင်တို့၏သမီးကိုချစ်ကြိုက်နေပါပြီ။ သင်တို့၏သမီးနှင့်ထိမ်းမြားလက်ထပ် ခွင့်ပေးကြပါ။- အခန်းကိုကြည့်ပါ။ |
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား``သင်တို့သည်လူမျိုးခြားများနှင့်အိမ် ထောင်မပြုရ။ သူတို့သည်သင်တို့၏စိတ်နှလုံး ကိုသူတို့ဘုရားများဘက်သို့အမှန်ပင်ယိမ်း ယိုင်စေကြလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။ သို့ ပါလျက်ရှောလမုန်သည်ထိုအမျိုးသမီး များနှင့်စုံဖက်တော်မူလေသည်။-
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။