Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 34:5

Common Language Bible

ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-

ထို့​ကြောင့်​ရှေ​ခင်​သည်​သူ​၏​ဖ​ခင်​အား ဒိ​န​ကို လက်​ထပ်​ယူ​နိုင်​ရန်​ကြောင်း​လမ်း​ပေး​ပါ​ဟု တောင်း​ပန်​လေ​၏။

ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-

ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။

အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ဤ​သို့​ဝေ​ဒ​နာ​ခံ​စေ​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​ပါ​မည်။ စ​ကား​တစ်​ခွန်း​မျှ​ပြော​မည်​မ​ဟုတ်​ပါ။

ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။

``သို့​ရာ​တွင်​ထို​အ​ချိန်​၌​သား​ကြီး​ဖြစ်​သူ​သည် လယ်​တော​တွင်​ရောက်​ရှိ​နေ​၏။ သူ​ပြန်​လာ​၍​အိမ် အ​နီး​သို့​ရောက်​သော​အ​ခါ​တီး​မှုတ်​သံ​နှင့်​က ခုန်​သံ​ကို​ကြား​ရ​၏။-

သား​ကြီး​က `ကျွန်​တော်​သည်​နှစ်​ပေါင်း​များ​စွာ အ​ဖ​၏​အ​စေ​ကို​ခံ​ခဲ့​ပါ​၏။ အ​ဖ​၏​အ​မိန့်​ကို အ​ဘယ်​အ​ခါ​က​မျှ​မ​လွန်​ဆန်​ခဲ့​ဘူး​ပါ။ သို့ ရာ​တွင်​သူ​ငယ်​ချင်း​များ​နှင့်​အ​တူ​ကျွန်​တော် ပျော်​ပွဲ​စား​ရန် အ​ဖ​သည်​အ​ဘယ်​အ​ခါ​က​မျှ ဆိတ်​က​လေး​တစ်​ကောင်​ကို​မျှ​မ​ပေး​ခဲ့​ပါ။-

သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။

``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ