မြို့သားတို့သည်လည်းဟာမော်နှင့်သူ၏သား ရှေခင်တို့၏အကြံပေးချက်ကိုသဘောတူ လက်ခံ၍ ယောကျာ်းမှန်သမျှအရေဖျားလှီး ခြင်းမင်္ဂလာကိုခံကြ၏။
အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။-
ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊-
ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
သူတို့အားငါတို့နှင့်အတူနေထိုင်စေရန်သ ဘောတူကြမည်ဆိုလျှင် သူတို့၏သိုး၊ ဆိတ်မှ စ၍တိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်းများကိုလည်း ငါတို့ပိုင်ဆိုင်လာမည်မဟုတ်ပါလော'' ဟု ပြောလေ၏။-
``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-