Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 34:14

Common Language Bible

သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။-

အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။

ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-

ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-

ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။

လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။-

ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-

ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။-

ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။

သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-

သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။

ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။

ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-

အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ