ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
ယာကုပ်သည်တင်ပါးကြွက်သားတွင်အထိုး ခံခဲ့ရသည်ဖြစ်သောကြောင့် ယနေ့ထက်တိုင် ဣသရေလအမျိုးသားတို့သည်တင်ပါး ကြွက်သားကိုမစားကြချေ။
သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-