ကမ္ဘာဦး 32:28Common Language Bibleထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။