ကမ္ဘာဦး 32:13Common Language Bibleယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'