ထိုသို့အားဖြင့်ဘုရားသခင်သည်သင်၏ ဖခင်ထံမှဆိတ်အုပ်တို့ကိုယူ၍ငါ့အား ပေးတော်မူပြီ။
သိုးဆိတ်တို့သည်သစ်ကိုင်းများရှေ့တွင်မိတ် လိုက်ကြသဖြင့် အကွက်အပြောက်အကျား သားကောင်များပေါက်ပွားလာကြသည်။
လာဗန်၏သားတို့က``ငါတို့၏ဖခင်ပိုင်သမျှ ပစ္စည်းတို့ကိုယာကုပ်ယူသွားလေပြီ။ ဖခင်ပိုင် ဆိုင်သောပစ္စည်းဖြင့်သူ၌စီးပွားတက်လာပြီ'' ဟူ၍ပြောဆိုသံကိုယာကုပ်ကြားသိရလေ သည်။-
``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။-
ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။