Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 31:55

Common Language Bible

နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လာ​ဗန်​သည် သူ​၏​မြေး​များ​နှင့်​သမီး​တို့​ကို​နမ်း​ရှုပ်​နှုတ် ဆက်​၍ ကောင်း​ချီး​ပေး​ပြီး​လျှင်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ​အား​မိန့်​ကြား ပြီး​သော​အ​ခါ ကြွ​သွား​တော်​မူ​၏။ အာ​ဗြ​ဟံ သည်​လည်း​မိ​မိ​နေ​အိမ်​သို့​ပြန်​ခဲ့​လေ​သည်။

သူ​တို့​က၊ ``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။

ထို​အ​ခါ​ဣ​ဇာက်​သည်​ယာ​ကုပ်​ကို​ခေါ်​ပြီး လျှင်``သင်​သည်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​မ​ပြု​ရ။-

ယော​သပ်​ကို​ဖွား​မြင်​ပြီး​နောက်​ယာ​ကုပ်​က လာ​ဗန်​အား``ကျွန်ုပ်​ကို​နေ​ရင်း​ပြည်​သို့​ပြန် ခွင့်​ပေး​ပါ။-

သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-

လာ​ဗန်​က``ဤ​သ​မီး​တို့​သည်​ငါ​၏​သ​မီး​များ ဖြစ်​၍ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ဤ​သိုး​အုပ် ဆိတ်​အုပ်​များ​သည်​လည်း​ငါ​၏​တိ​ရစ္ဆာန်​များ ဖြစ်​၏။ စင်​စစ်​အား​ဖြင့်​သင်​မြင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ​ပိုင်​၏။ သို့​သော်​လည်း​ငါ ၏​သ​မီး​များ​နှင့်​သူ​တို့​၏​သား​သ​မီး​တို့ ကို​ငါ​စောင့်​ရှောက်​ထား​ရန်​မ​ဖြစ်​နိုင်​တော့ သ​ဖြင့်၊-

ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။-

ထို​နောက်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​၏။ မင်း​ကြီး​သည် ဗာ​ဇိ​လဲ​အား​နမ်း​ရှုပ်​ပြီး​လျှင်​ကောင်း​ချီး​ပေး တော်​မူ​၏။ ထို​နောက်​ဗာ​ဇိ​လဲ​သည်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။

လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။

လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။

ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။ ဘု​ရား​သ​ခင်​ရှုတ်​ချ​တော်​မ​မူ​သော​သူ​တို့​ကို ငါ​အ​ဘယ်​သို့​ရှုတ်​ချ​နိုင်​မည်​နည်း။

ထို​နောက်​ဗာ​လမ်​နှင့်​ဗာ​လက်​ဘု​ရင်​တို့​သည် မိ​မိ တို့​နေ​ရပ်​သို့​အ​သီး​သီး​ပြန်​သွား​ကြ​လေ​၏။

သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ချစ်​သော​ကြောင့်​ဗာ လမ်​၏​ကျိန်​ဆဲ​ခြင်း​ကို​လက်​ခံ​တော်​မ​မူ။ သူ​သည်​သင်​တို့​အား​ကျိန်​ဆဲ​စေ​မည့် အ​စား​ကောင်း​ချီး​ပေး​စေ​တော်​မူ​၏။-

ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။

သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ