ထို့ကြောင့်ယာကုပ်သည်ကျောက်တုံးတစ်တုံး ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေသည်။-
ထိုနောက်သူ၏သားချင်းတို့အားကျောက်တုံး များကိုထပ်ဆင့်၍ပုံစေ၏။ ထိုနောက်သူတို့ သည်ကျောက်ပုံနားတွင်စားသောက်ကြလေသည်။-
ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-
ယောရှုသည်ဤပညတ်များကိုဘုရားသခင်၏ ပညတ်ကျမ်းစာတွင်ရေးထားလေ၏။ ထိုနောက်သူ သည်ကျောက်တုံးကြီးတစ်တုံးကိုထာဝရဘုရား ၏သန့်ရှင်းရာဌာနတော်ရှိဝက်သစ်ချပင် အောက်တွင်စိုက်ထူလေသည်။-
ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။-