Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 31:39

Common Language Bible

သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည်​သင်​နှင့်​အ​တူ​နှစ်​ပေါင်း​နှစ်​ဆယ်​နေ ထိုင်​ခဲ့​ပါ​သည်။ သင်​၏​သိုး​မ​နှင့်​ဆိတ်​မ​တို့​သည် သား​မ​ပေါက်​ကြ​ဟူ​၍​မ​ရှိ။ သင့်​သိုး​ထီး​ဆိတ် ထီး​တို့​ကို​ကျွန်ုပ်​သတ်​၍​မ​စား။-

ကျွန်ုပ်​သည်​နေ့​အ​ချိန်​၌​နေ​ပူ​ဒဏ်​ကို​လည်း ကောင်း၊ ည​အ​ချိန်​၌​အ​အေး​ဒဏ်​ကို​လည်း​ကောင်း အ​ကြိမ်​ကြိမ်​ခံ​ခဲ့​ရ​ပါ​သည်။ အ​အိပ်​လည်း ပျက်​ခဲ့​ရ​ပါ​သည်။-

``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သား​ရဲ​များ​ကိုက်​သတ်​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ ထို​အ​သား​ကို​ခွေး​တို့​အား​ကျွေး လော့။

``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။

သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ