Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 31:34

Common Language Bible

ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ကု​လား​အုတ်​ကုန်း​နှီး​အိတ်​ထဲ​၌​ထည့်​ထား ၍ ထို​အိတ်​ပေါ်​တွင်​ထိုင်​နေ​၏။ လာ​ဗန်​သည်​တဲ တစ်​တဲ​လုံး​တွင်​ရှာ​ပါ​သော်​လည်း​ရုပ်​တု​များ ကို​မ​တွေ့​ရ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ယာ​ကုပ်​သည်​မိ​မိ​၏​ဖ​ခင်​ရှိ​ရာ ခါ​နာန်​ပြည်​သို့​ပြန်​ရန်​ပြင်​ဆင်​လေ​သည်။ သူ ၏​သား​သ​မီး​နှင့်​မ​ယား​တို့​ကို​ကု​လား​အုတ် များ​ပေါ်​တွင်​စီး​စေ​၏။ သူ​သည်​မက်​ဆို​ပို​တေး မီး​ယား​ပြည်​၌​ရ​ရှိ​ခဲ့​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​ယူ​ဆောင်​လျက် မိ​မိ​၏​သိုး​အုပ်၊ ဆိတ် အုပ်​များ​ကို​မောင်း​နှင်​လာ​ခဲ့​လေ​သည်။-

လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-

လာ​ဗန်​သည်​ယာ​ကုပ်​၏​တဲ​ထဲ​သို့​ဝင်​၍ ရုပ်​တု​များ​ကို​ရှာ​၏။ ထို​နောက်​လေ​အာ​၏ တဲ​နှင့်​ကျွန်​မိန်း​မ​နှစ်​ဦး​၏​တဲ​တို့​တွင်​ရှာ သော်​လည်း​မ​တွေ့​ချေ။ ထို့​နောက်​ရာ​ခေ​လ ၏​တဲ​ထဲ​သို့​ဝင်​လေ​၏။-

ရာ​ခေ​လ​က​လည်း``ကျွန်​မ​သည်​မိန်း​မ​တို့​၏ ဋ္ဌမ္မ​တာ​ဖြစ်​ပေါ်​နေ​ချိန်​ဖြစ်​၍​ဖ​ခင်​၏​ရှေ့​မှာ မတ်​တပ်​မ​ရပ်​နိုင်​သည်​ကို​သည်း​ခံ​ခွင့်​လွှတ် ပါ'' ဟု​ဆို​လေ​၏။ လာ​ဗန်​သည်​ဘု​ရား​ရုပ်​တု များ​ကို​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-

ရိ​နာ​စွဲ​သော​သူ​ထိုင်​သော​ကုန်း​နှီး​သို့ မ​ဟုတ်​ထိုင်​ခုံ​သည်​မ​သန့်​စင်။-

မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။

ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ