လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။-
ထိုအခါ၌ဘုရင်သည်အာဗြံကိုဆင့်ခေါ် ၍``သင်သည်ငါ့အားအဘယ်သို့ပြုသနည်း။ စာရဲသည်သင်၏မယားဖြစ်ကြောင်းကို ငါ့ အားအဘယ်ကြောင့်မပြောပြသနည်း။-
ထိုအကြောင်းကြောင့်ယောကျာ်းသည်မိဘကို စွန့်၍ဇနီးနှင့်စုံဖက်သဖြင့် သူတို့နှစ်ဦး သည်တစ်သွေးတစ်သားတည်းဖြစ်လာ ကြ၏။
အဘိမလက်က``သင်သည်ငါတို့အားအဘယ် သို့ပြုမူသနည်း။ ငါ၏လူတစ်ယောက်ယောက်က သင်၏မယားနှင့်အကြောင်းမသိဘဲပြစ်မှား မိလျှင် သင့်ကြောင့်ငါတို့အပြစ်ကူးလွန်ရာ ရောက်ပေမည်'' ဟုဆိုလေသည်။-
မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။-
မြို့သားတို့၏အဖိုးတန်ပစ္စည်းရှိသမျှနှင့်၊ သားမယားနှင့်ကလေးသူငယ်အားလုံး၊ အိမ်တွင်း၌တွေ့သမျှသောပစ္စည်းများကို သိမ်းယူခဲ့ကြသည်။
ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
ယောရှုကသူ့အား``ငါ့သား၊ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်တွင်မှန်ရာကိုပြော၍ဝန်ခံ လော့။ သင်ပြုခဲ့သည့်အမှုကိုမထိမ်မချန် ဘဲငါ့အားထုတ်ဖော်ပြောကြားလော့'' ဟု ဆိုလေ၏။
ထိုအခါရှောလုသည်ယောနသန်အား``သင် အဘယ်အမှုကိုပြုသနည်း'' ဟုမေး၏။ ယောနသန်က``အကျွန်ုပ်သည်ပျားရည်အနည်း ငယ်ကိုစားမိပါ၏။ အမိန့်တော်အတိုင်းသေ ဒဏ်ခံရန်အကျွန်ုပ်အသင့်ရှိပါ၏'' ဟုလျှောက် လျှင်၊
ဒါဝိဒ်က``အကျွန်ုပ်သည်အဘယ်အမှုကို ပြုမိပါသနည်း။ မေးခွန်းတစ်ခုကိုမျှမေး နိုင်ခွင့်မရှိပါသလော'' ဟုဆို၍၊-
အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။