Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 31:19

Common Language Bible

လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ငါ့​အ​ဖ​အ​မျိုး​သား​များ​ဖြစ်​သော​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍ ငါ့​သား​အ​တွက် မ​ယား​ကို​ရှာ​ရ​မည်' မှာ​ကြား​ပါ​သည်။ ထို​မှာ ကြား​ချက်​ကို​နာ​ခံ​ပါ​မည်​ဟု​ကတိ​သစ္စာ​ခံ​စေ ပါ​သည်။-

ယာ​ကုပ်​သည်​လာ​ဗန်​အား​အ​သိ​မ​ပေး​ဘဲ ထွက်​ခဲ့​လေ​သည်။-

သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။

သင်​၏​ဘု​ရား​ရုပ်​တု​များ​ခိုး​ယူ​သူ​ကို တွေ့​ရှိ​လျှင်​ထို​သူ​အား​ဒဏ်​ပေး​မည်။ ကျွန်ုပ် တို့​၏​သား​ချင်း​များ​ကို​သက်​သေ​ထား​၍ သင်​ပိုင်​ဆိုင်​သည့်​ပစ္စည်း​ဥစ္စာ​ကို​ရှာ​ပါ​လော့။ သင့်​ဥစ္စာ​ရှာ​တွေ့​လျှင်​ယူ​ပါ​လော့'' ဟု​ဆို လေ​၏။ လာ​ဗန်​၏​ဘု​ရား​ရုပ်​တု​များ​ကို ရာ​ခေ​လ​ခိုး​ယူ​ခဲ့​ကြောင်း​ယာ​ကုပ်​မ​သိ​ချေ။

ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ကု​လား​အုတ်​ကုန်း​နှီး​အိတ်​ထဲ​၌​ထည့်​ထား ၍ ထို​အိတ်​ပေါ်​တွင်​ထိုင်​နေ​၏။ လာ​ဗန်​သည်​တဲ တစ်​တဲ​လုံး​တွင်​ရှာ​ပါ​သော်​လည်း​ရုပ်​တု​များ ကို​မ​တွေ့​ရ​ချေ။-

ရာ​ခေ​လ​က​လည်း``ကျွန်​မ​သည်​မိန်း​မ​တို့​၏ ဋ္ဌမ္မ​တာ​ဖြစ်​ပေါ်​နေ​ချိန်​ဖြစ်​၍​ဖ​ခင်​၏​ရှေ့​မှာ မတ်​တပ်​မ​ရပ်​နိုင်​သည်​ကို​သည်း​ခံ​ခွင့်​လွှတ် ပါ'' ဟု​ဆို​လေ​၏။ လာ​ဗန်​သည်​ဘု​ရား​ရုပ်​တု များ​ကို​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

ယာ​ကုပ်​သည်​မိ​မိ​၏​မိ​သား​စု​နှင့်​မိ​မိ​ထံ​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား``သင်​တို့​၌​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​ပစ်​ပယ်​ကြ​လော့။ ကိုယ် ကို​သန့်​စင်​စေ​၍​အ​ဝတ်​ကို​လဲ​လှယ်​ဝတ်​ဆင် ကြ​လော့။-

တစ်​စုံ​တစ်​ယောက်​က​တာ​မာ​အား``သင်​၏​ယောက္ခမ သည်​တိ​မ​နတ်​မြို့​သို့​သိုး​မွေး​ညှပ်​ရန်​သွား​လေ ပြီ'' ဟု​သ​တင်း​ပေး​လေ​၏။-

နှစ်​နှစ်​မျှ​ကြာ​သော်​အ​ဗ​ရှ​လုံ​သည်​ဧ​ဖ​ရိမ် မြို့​အ​နီး​ဗာ​လ​ဟာ​ဇော်​ရွာ​တွင် မိ​မိ​သိုး​များ အ​မွေး​ညှပ်​ပွဲ​ကို​ကျင်း​ပ​၏။ ထို​အ​ခါ​သူ သည်​ဘု​ရင့်​သား​တော်​အ​ပေါင်း​တို့​ကို​ဖိတ် ခေါ်​လေ​သည်။-

ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-

ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။-

ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-

ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​ဤ​သို့​မိန့်​တော်​မူ​သည်။ `ရှေး​အ​ခါ​က သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​တေ​ရ၊ သူ​၏​သား​အာ​ဗြ​ဟံ​နှင့်​နာ​ခေါ်​တို့​သည် ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​တွင်​နေ​ထိုင်​၍​အ​ခြား သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​၏။-

ရှိ​လော​မြို့​၌​ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​တဲ​တော်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ် လုံး မိက္ခာ​ပြု​လုပ်​သည့်​ရုပ်​တု​သည်​လည်း​ထို အ​ရပ်​၌​တည်​ရှိ​နေ​သ​တည်း။

ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။

ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-

ကာ​လက်​သား​ချင်း​စု​တွင်​မော​န​မြို့​သား နာ​ဗ​လ​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည် က​ရ​မေ​လ​မြို့​အ​နီး​တွင်​နေ​ထိုင်​သော​မြေ ပိုင်​ရှင်​ဖြစ်​သည်။ သူ​သည်​သိုး​သုံး​ထောင်​နှင့် ဆိတ်​တစ်​ထောင်​ကို​ပိုင်​သ​ဖြင့် အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​၏။ သူ​၏​ဇ​နီး​အ​ဘိ​ဂဲ​လ သည်​အ​ဆင်း​လှ​၍ ပ​ညာ​အ​မြော်​အ​မြင်​ရှိ သူ​အ​မျိုး​သ​မီး​ဖြစ်​၏။ နာ​ဗ​လ​မူ​ကား သ​ဘော​ယုတ်​၍​ရိုင်း​ပြ​သူ​ဖြစ်​သ​တည်း။ နာ​ဗ​လ​သည်​က​ရ​မေ​လ​မြို့​တွင်​မိ​မိ​၏​သိုး များ​ကို​အ​မွေး​ညှပ်​လျက်​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ