သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊-
သို့ဖြစ်၍စာရဲကအာဗြံအား``ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်'' ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊-
ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။
အာဗြဟံသည်ကေတုရနာမည်ရှိသော မိန်းမနှင့်နောက်ထပ်အိမ်ထောင်ပြု၏။-
သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
(လာဗန်သည် မိမိ၏ကျွန်မဗိလဟာကို ရာခေလ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
ဗိလဟာသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက် ကိုဖွားမြင်လေသည်။-
သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
ဤသူခုနစ်ယောက်တို့သည်လာဗန်ကသူ့ သမီးရာခေလအားပေးအပ်သောအထိန်း ဗိလဟာနှင့်ယာကုပ်တို့မှပေါက်ဖွားသော သားမြေးများဖြစ်ကြသတည်း။
ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။-