ယာကုပ်သည်ထင်းရှူးပင်၊ ဗာဒံပင်၊ ပိုးဇာပင် တို့၏သစ်စိမ်းကိုင်းများကိုယူ၍ အဖြူတန်း များပေါ်အောင်အခွံကိုခွာပစ်ပြီးနောက်၊-
ထိုနောက်ထိုသိုးဆိတ်များကို ယာကုပ်နှင့်သုံး ရက်ခရီးအကွာအရပ်သို့ပို့ဆောင်ထားစေ၏။ ယာကုပ်ကမူလာဗန်၌ကျန်ရှိသောအခြား သိုးဆိတ်တို့ကိုထိန်းကျောင်းလျက်နေလေသည်။
သိုးဆိတ်များ၏ရေသောက်ခွက်များရှေ့တွင် ထိုသစ်ကိုင်းများကိုချထားလေသည်။ တိရစ္ဆာန် တို့သည်ရေသောက်လာသောအခါ မိတ်လိုက် တတ်သောကြောင့်ထိုသို့ချထားခြင်းဖြစ်သည်။-
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။