ထိုနောက်သူသည်သမီးတစ်ယောက်ကိုဖွားမြင် သဖြင့်ဒိနဟူ၍နာမည်မှည့်လေသည်။
ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။-
ဘုရားသခင်သည်ရာခေလကိုသတိရ၍ သူ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့် သားသမီးဖွားခွင့်ကိုပေးတော်မူ၏။-
သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။-
ဤသူတို့သည်ယာကုပ်နှင့်မယားလေအာ တို့မှမက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း တွင်ပေါက်ဖွားသောသားနှင့်မြေးများဖြစ် ကြသည်။ ထိုသားတို့အပြင်သမီးဒိနရှိ သေး၏။ ထို့ကြောင့်လေအာမှပေါက်ဖွားသော သားမြေးစုစုပေါင်းမှာသုံးဆယ့်သုံးယောက် ရှိသတည်း။