Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 30:15

Common Language Bible

လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။ ရာ​ခေ​လ​က``သင့်​သား​၏​အ​နု​ဆေး​ပင်​များ​ကို ပေး​လျှင် သင်​သည်​ယ​နေ့​ည​ယာ​ကုပ်​နှင့်​အ​တူ အိပ်​နိုင်​သည်'' ဟု​ပြန်​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။

ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။

ထို​အ​ခါ​ဟေ​ရှာ​ယ​က``အို ဒါ​ဝိဒ်​၏​သား​မြေး၊ နား​ထောင်​လော့။ သင်​သည်​မိ​မိ​အား​ပြည်​သူ​တို့ ငြီး​ငွေ့​အောင်​ပြု​ရုံ​ဖြင့်​မ​ကျေ​နပ်​ဘဲ ထာ​ဝ​ရ ဘု​ရား​လည်း​ငြီး​ငွေ့​လာ​အောင်​ပြု​လို​ပါ သ​လော။-

သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။-

သူ​တို့​က``သင်​သည်​ငါ​တို့​ကို​တော​ကန္တာ​ရ​၌ သေ​ကုန်​စေ​ခြင်း​ငှာ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ သော​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပြီ​မ​ဟုတ် လော။ ယ​ခု​သင်​သည်​ငါ​တို့​အ​ပေါ်​တွင်​မင်း မူ​လို​ပါ​သ​လော။-

ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ