ကမ္ဘာဦး 3:8Common Language Bibleထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။- အခန်းကိုကြည့်ပါ။ |
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။