Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 3:22

Common Language Bible

ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​ငါ​တို့​ကဲ့​သို့​ဖြစ်​လာ​၍ အ​ကောင်း​နှင့်​အ ဆိုး​ကို​သိ​မြင်​လာ​လေ​ပြီ။ အ​မြဲ​အ​သက် ရှင်​စေ​သော​အ​ပင်​မှ​အ​သီး​ကို​ဆွတ်​စား​၍ အ​မြဲ​အ​သက်​ရှင်​ခွင့်​မ​ပြု​ရ'' ဟု​မိန့်​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-

ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​အာ​ဒံ နှင့်​ဧ​ဝ​တို့​အ​တွက် သား​ရေ​ဝတ်​လုံ​များ​ပြု လုပ်​၍​သူ​တို့​အား​ဝတ်​ဆင်​ပေး​တော်​မူ​၏။

ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​နှင်​ထုတ်​၍ မြေ​မှ ဖြစ်​သော​လူ​အား​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး စေ​တော်​မူ​၏။-

ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။

ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။

ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။

သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့် အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါ သင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။

``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။

မိ​မိ​တို့​အ​ဝတ်​ကို​သန့်​ရှင်း​ဖြူ​စင်​အောင်​လျှော်​ဖွတ် သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။ သူ​တို့​သည်​အ​သက်​ပင် ၏​အ​သီး​ကို​စား​သုံး​နိုင်​ခွင့်​နှင့် မြို့​တံ​ခါး​ဖြင့်​မြို့ တော်​တွင်း​သို့​ဝင်​နိုင်​ခွင့်​ကို​ရ​ကြ​လိမ့်​မည်။-

ထို​အ​သက်​ပင်​သည်​တစ်​လ​တစ်​ကြိမ်၊ တစ်​နှစ် လျှင်​တစ်​ဆယ့်​နှစ်​ကြိမ်​အ​သီး​သီး​၏။ ထို​အ​ပင် ၏​အ​ရွက်​များ​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​ရန်​အ​တွက်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ