ကမ္ဘာဦး 3:13Common Language Bibleထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
သမီးကိုဖွားမြင်သောအမျိုးသမီးသည် ဋ္ဌမ္မ တာရာသီပေါ်ချိန်၌မသန့်ရှင်းသကဲ့သို့ မီး ဖွားပြီးတစ်ဆယ့်လေးရက်အတွင်းဘာသာ ရေးထုံးနည်းအရမသန့်ရှင်းချေ။ မိခင်သည် သွေးသန့်သည့်ကာလမတိုင်မီ နောက်ထပ်ခြောက် ဆယ့်ခြောက်ရက်အတွင်းဘာသာရေးထုံးနည်း အရမသန့်ရှင်းချေ။
ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။