ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
ထိုသူနှစ်ဦးစလုံးတွင်အဝတ်အချည်းစည်း ဖြစ်နေသော်လည်းရှက်ကြောက်ခြင်းမရှိ။
ဘုရားသခင်က``သင်တို့တွင်အဝတ်အချည်း စည်းရှိသည်ဟု မည်သူကပြောသနည်း။ သင်တို့ အားမစားရဟု ငါပညတ်ထားသောအပင်၏ အသီးကိုစားသလော'' ဟုမေးတော်မူ၏။
ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။
ကိုယ်တော်ရှင်ကိုကြောက်ရွံ့သဖြင့်ကွန်တော် မျိုးသည် ကြက်သီးမွေးညင်းထပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူခက်တို့ကြောင့် ကွန်တော်မျိုးကြောက်ပါ၏။
လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-
သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။
ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
ဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။-
အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက် အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ ငါသည်သင့်အားလက်စားချေမည်။ ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
သို့ရာတွင်အကျွန်ုပ်တို့သည် အဘယ်ကြောင့် အရဲစွန့်၍အသေခံရမည်နည်း။ ထိုကြောက် မက်ဖွယ်မီးကြီးကြောင့် အကျွန်ုပ်တို့သည် ပျက်စီးဆုံးရှုံးရကြပါလိမ့်မည်။ အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၏ အသံတော်ကိုထပ်၍ကြားရလျှင်အကျွန်ုပ် တို့သေရပါလိမ့်မည်။-
မိမိတို့သြတ္တပ္ပစိတ်၏ပြစ်တင်ရှုတ်ချမှုကို ခံရသောအခါ၌လည်း ဘုရားသခင်သည် ငါတို့သြတ္တပ္ပစိတ်ထက်ကြီးမြတ်တော်မူ ကြောင်း၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်း ကိုသိတော်မူကြောင်းငါတို့သိကြ၏။-
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။