နောက်တစ်ဖန်ယာကုပ်က``သူကျန်းမာပါ သလော'' ဟုမေး၏။ သူတို့က``ကျန်းမာပါ၏။ ယခုပင်သူ၏သမီး ရာခေလသည်သိုးအုပ်နှင့်အတူလာနေပြီ'' ဟုဆိုကြ၏။
ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။
ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
ယွာဘသည်အာမသအား``မိတ်ဆွေ၊ ကျန်း မာပါ၏လော'' ဟုဆိုပြီးလျှင်နမ်းရှုပ်ဟန် ပြု၍ညာလက်ဖြင့်အာမသ၏မုတ်ဆိတ် ကိုဆွဲကိုင်ကာ၊-
သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-
ကရမေလမြို့သို့လူငယ်လူရွယ်ဆယ်ယောက် ကိုစေလွှတ်ကာ``သင်တို့သည်နာဗလကိုရှာ၍ ငါ့ကိုယ်စားနှုတ်ဆက်ကြလော့။-