Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 29:33

Common Language Bible

လေ​အာ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ် ယောက်​ကို​ဖွား​မြင်​ပြန်​သော​အ​ခါ​သူ​က``ငါ ၏​လင်​ယောကျာ်း​သည်​ငါ့​အား​မ​ချစ်​ကြောင်း ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​သိ​တော်​မူ​သ​ဖြင့် ဤ​သား​ကို​လည်း​ပေး​သ​နား​တော်​မူ​ပြီ'' ဟု ဆို​၍​ထို​သား​ကို​ရှိ​မောင်​ဟု​နာ​မည်​မှည့်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-

ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည်​ငါ့​အား လက်​ဆောင်​ကောင်း​ကို​ပေး​သ​နား​တော်​မူ​ပြီ။ ငါ သည်​သား​ခြောက်​ယောက်​ကို​ဖွား​မြင်​ပေး​သ​ဖြင့် ယ​ခု​ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​ကို​မြတ်​နိုး လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​ဇာ​ဗု​လုန် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-

ရာ​ခေ​လ​က``ဘု​ရား​သ​ခင်​သည်​ငါ့​ဘက်​၌ တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​၍​ငါ့​အား​သား​ကို​ပေး​သ​နား တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဒန်​ဟူ​၍ နာ​မည်​မှည့်​လေ​၏။-

ထို​အ​ခါ​ရာ​ခေ​လ​က``ငါ​သည်​ငါ​၏​အစ်​မ နှင့်​အ​ပြင်း​အ​ထန်​ဆိုင်​ပြိုင်​ခဲ့​ရာ​အ​နိုင်​ရ​လေ ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​န​ဿ​လိ​ဟူ​၍ နာ​မည်​မှည့်​လေ​၏။

ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-

ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။

လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။

ထို​နောက်​ယော​သပ်​သည်​သူ​တို့​ထံ​မှ​ထွက်​သွား​၍ ငို​ကြွေး​လေ​၏။ သူ​သည်​ဣန္ဒြေ​ဆည်​နိုင်​သော​အ​ခါ သူ​တို့​ထံ​ပြန်​၍ သူ​တို့​အ​နက်​ရှိ​မောင်​ကို​ရွေး ထုတ်​လျက်​သူ​တို့​၏​ရှေ့​တွင်​ချည်​နှောင်​စေ​၏။

``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​တွင်​မ​ယား​နှစ် ယောက်​ရှိ​လျှင် မ​ယား​နှစ်​ယောက်​စ​လုံး​တွင် သား​ယောကျာ်း​များ​ဖွား​မြင်​အံ့။ သား​ဦး​သည် သူ​ပို​၍​ချစ်​သော​မ​ယား​၏​သား​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ