ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။