ကမ္ဘာဦး 29:2Common Language Bibleထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။