Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 29:17

Common Language Bible

လေ​အာ​သည်​မျက်​လုံး​မျက်​ဖန်​လှ​၏။ ရာ​ခေ​လ မူ​ကား​ကိုယ်​လုံး​ကိုယ်​ပေါက်​လှ​၍​ရှု​ချင်​ဖွယ် ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရန်​နယ်​စပ် ကို​ဖြတ်​ကျော်​ခါ​နီး​တွင် သူ​၏​မ​ယား​စာ​ရဲ အား``သင်​သည်​ရုပ်​ရည်​လှ​သော​အ​မျိုး​သ​မီး ဖြစ်​၏။-

သူ​သည်​နယ်​စပ်​ကို​ဖြတ်​၍ အီ​ဂျစ်​ပြည်​ထဲ သို့​ဝင်​လာ​သော​အ​ခါ ထို​ပြည်​သား​တို့​က သူ​၏​မ​ယား​သည် ရုပ်​ရည်​လှ​သော​အ​မျိုး သ​မီး​ဖြစ်​ကြောင်း​တွေ့​မြင်​ကြ​၏။-

သူ​သည်​အ​လွန်​ရုပ်​ရည်​လှ​သော​ပျို​က​ညာ​ဖြစ် ၏။ သူ​သည်​ရေ​တွင်း​သို့​ဆင်း​၍​ရေ​ခ​ရား​၌​ရေ ဖြည့်​ပြီး​လျှင်​ပြန်​တက်​လာ​သည်။-

ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-

လာ​ဗန်​တွင်​သ​မီး​နှစ်​ယောက်​ရှိ​၏။ သ​မီး အ​ကြီး​၏​နာ​မည်​သည်​လေ​အာ​ဖြစ်​၍ သ​မီး​အ​ငယ်​၏​နာ​မည်​မှာ​ရာ​ခေ​လ​ဖြစ်​၏။-

ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ချစ်​သ​ဖြင့်``ရာ​ခေ​လ နှင့်​ထိမ်း​မြား​ပေး​မည်​ဆို​လျှင်​ဦး​ရီး​ထံ​၌​ခု​နစ် နှစ်​အ​လုပ်​လုပ်​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။

ထို့​ကြောင့်​ယာ​ကုပ်​သည်​ရာ​ခေ​လ​နှင့်​လည်း အိပ်​လေ​သည်။ သူ​သည်​ရာ​ခေ​လ​ကို​လေ​အာ ထက်​ပို​၍​ချစ်​၏။ ထို​နောက်​သူ​သည်​လာ​ဗန် ထံ​၌ နောက်​ထပ်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ​သည်။

ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-

ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-

ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။

ငါ​သည်​သင်​၏​မိ​ခင်​ရာ​ခေ​လ​အ​တွက် ကြောင့်​ဤ​သို့​စီ​မံ​ရ​သည်။ ငါ​သည်​မက်​ဆို ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​မှ​ပြန်​လာ စဉ် သင်​၏​မိ​ခင်​ရာ​ခေ​လ​သည်​ခါ​နာန်​ပြည် ဧ​ဖ​ရတ်​မြို့​အ​နီး​၌​ကွယ်​လွန်​၍​ငါ​သည် အ​လွန်​ဝမ်း​နည်း​ပူ​ဆွေး​၏။ ငါ​သည်​သူ​၏ အ​လောင်း​ကို​ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း အ​နီး​၌​သင်္ဂြိုဟ်​ခဲ့​၏'' ဟု​ဆို​လေ​၏။ (ဧ​ဖ​ရတ် မြို့​ကို​ယ​ခု​အ​ခါ​ဗက်​လင်​မြို့​ဟု​ခေါ် သည်။)

ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။ သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။

ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ