သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-
ထိုအခါအာဗြံကလောတအား``ငါတို့သည်ဆွေမျိုးသားချင်းများဖြစ်ကြ၍ သင့်လူစုနှင့်ငါ့လူစုတို့သည်ခိုက်ရန်ဖြစ်ပွားနေရန်မသင့်ချေ။-
မိန်းမပျိုသည်လည်းသူ၏မိခင်နေအိမ်သို့ ပြေး၍ အကြောင်းအရာအကုန်အစင်ကို ပြောပြလေ၏။-
ဣဇာက်သည်ရှုရိအမျိုးသားဗေသွေလ ၏သားလာဗန် နေထိုင်ရာပါဒနာရံပြည် သို့ယာကုပ်ကိုစေလွှတ်၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္က၏ မောင်ဖြစ်သတည်း။