Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 28:14

Common Language Bible

သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

လော​တ​နှင့်​အာ​ဗြံ​တို့​ခွဲ​ခွာ​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​ရှိ​ရာ​မှ​အ​ရပ်​လေး​မျက်​နှာ​သို့​ကြည့်​ရှု​လော့။-

သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-

မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-

သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​တန်​ခိုး​အင်​အား ကြီး​သော​လူ​မျိုး​ဖြစ်​မည်။ ငါ​သည်​သူ့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-

သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-

သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-

သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​ကောင်း​ကင်​ကြယ် ကဲ့​သို့​များ​ပြား​စေ​၍ သူ​တို့​အား​ဤ​ဒေ​သ အား​လုံး​ကို​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ကောင်း​ချီး​ပေး​သည့်​နည်း​တူ ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​လည်း​ငါ့​ထံ မှ​ကောင်း​ချီး​ကို​တောင်း​လျှောက်​ကြ​လိမ့် မည်။-

ကိုယ်​တော်​က`သင့်​ကို​ကြီး​ပွား​စေ​မည်။ သင်​၏ အ​ဆက်​အ​နွယ်​များ​ကို​ပင်​လယ်​ကမ်း​ခြေ​ရှိ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​နိုင်​အောင်​များ ပြား​စေ​မည်' ဟူ​သော​ကတိ​တော်​ကို​သ​တိ​ရ တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​လေ​သည်။

သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။

အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ခ​မည်း​တော်​အား​ပေး​တော်​မူ​သော​ကတိ တော်​ကို​တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့်​ဤ လူ​မျိုး​၏​ဘု​ရင်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။-

မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။ ဂုဏ်​သ​တင်း​တော်​သည်​နေ​ကဲ့​သို့​အ​စဉ်​အ​မြဲ တည်​နေ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​ကောင်း​ချီး ပေး​တော်​မူ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ​တို့​အား​လည်း​ကောင်း၊ကောင်း​ချီး​ပေး​တော် မူ​ရန် ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ကြ​ပါ​စေ​သော။

ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-''

သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကို သင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​ဆက်​အ​နွယ်​တို့​သည်​များ​ပြား လှ​သ​ဖြင့် မြေ​မှုန့်​ကို​မ​ရေ​မ​တွက်​နိုင်​သ​ကဲ့​သို့၊ သူ​တို့​ကို​မ​ရေ​မ​တွက်​နိုင်။ ဘု​ရား​သ​ခင်​၏​လူ​စု​ဝင်​တစ်​ယောက်​ကဲ့​သို့ သေ​ရ​ပါ​လို​၏။ ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​ငြိမ်း​ချမ်း​စွာ​သေ​ရ ပါ​လို​၏။''

``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။-

ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-

ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-

ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။-

ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-

ဖျက်​ဆီး​ပစ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို မျှ သင်​တို့​အ​တွက်​သိမ်း​ဆည်း​မ​ထား​ရ။ ထို အ​တိုင်း​ဆောင်​ရွက်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ပြေ​လျက် သင်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​လိမ့်​မည်။ ငါ​ယ​နေ့​သင်​တို့ အား​မှာ​ကြား​သည့်​ပညတ်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​လျက် ကိုယ်​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​တို့​၏​ဘိုး​ဘေး တို့​အား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ကိုယ် တော်​သည်​သင်​တို့​ကို​သ​နား​ကြင်​နာ​၍ သင်​တို့​၏​လူ​မျိုး​ကို​တိုး​ပွား​များ​ပြား စေ​တော်​မူ​လိမ့်​မည်။''

ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-

ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ