Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 28:1

Common Language Bible

ထို​အ​ခါ​ဣ​ဇာက်​သည်​ယာ​ကုပ်​ကို​ခေါ်​ပြီး လျှင်``သင်​သည်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​မ​ပြု​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-

သ​ခင်​က​လည်း​ကျွန်ုပ်​အား`သင်​သည်​ငါ​၏​သား အ​တွက် မ​ယား​ကို​ခါ​နာန်​ပြည်​ရှိ​အ​မျိုး​သ​မီး များ​ထဲ​မှ​မ​ရှာ​ရ။-

သင်​သည်​ငါ​မွေး​ရာ​ဇာ​တိ​ပြည်​သို့​ပြန်​သွား​၍ ငါ​၏​အ​မျိုး​သား​ချင်း​တို့​ထဲ​မှ​ငါ​၏​သား ဣဇာက်​အ​တွက်​မ​ယား​ရှာ​ခဲ့​ရ​မည်'' ဟု​ဆို လေ​၏။

ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။

ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။

ဣ​ဇာက်​က​ယာ​ကုပ်​အား​ကောင်းချီး​ပေး​၍​မ​ယား ရှာ​ရန် ပါ​ဒ​နာ​ရံ​ပြည်​သို့​စေ​လွှတ်​လိုက်​ကြောင်း ကို​လည်း​ကောင်း၊ ထို​သို့​ယာ​ကုပ်​အား​ကောင်း​ချီး ပေး​စဉ်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင် မ​ပြု​ရ​ဟူ​၍​မှာ​ကြား​ကြောင်း၊-

ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-

ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-

ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။-

ယော​သပ်​အား​ကောင်း​ချီး​ပေး​လေ​သည်။ ``ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့်​အ​ဖ​ဣ​ဇာက်​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ ငါ့​ကို​ယ​နေ့​တိုင်​အောင်​စောင့်​ရှောက်​တော်​မူ​သော ဘု​ရား​သ​ခင်၊​ငါ့​ကို​ဘေး​အန္တရာယ်​အပေါင်း​တို့​မှ ကယ်​တင်​တော်​မူ​သော​ကောင်း​ကင်​တ​မန်​သည် ဤ​သူ​ငယ်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ စေ​သော။ ငါ​၏​နာ​မည်၊ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဖ​ဣ​ဇာက်​တို့​၏​နာ​မည်​သည် သူ​တို့​အား​ဖြင့်​တည်​မြဲ​နိုင်​ပါ​စေ​သော။ သူ​တို့​၏​အ​ဆက်​အ​နွယ်​သည်​တိုး​ပွား များ​ပြား​ကြ​ပါ​စေ​သော။''

ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။

အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။-

အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-

ဘု​ရား​သ​ခင်​ရွေး​ကောက်​သူ​မော​ရှေ​သည်​အ​နိစ္စ မ​ရောက်​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော်​ပြ​ပါ​အ​တိုင်း​ကောင်း​ချီး​ပေး လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ