ထိုအချိန်ရောက်လျှင်ငါသည်သင့်ထံသို့လူ စေလွှတ်၍ပြန်လည်ခေါ်ဆောင်မည်။ ငါသည် တစ်နေ့ချင်းတွင်သားနှစ်ယောက်စလုံးကို အဆုံးမခံနိုင်'' ဟုဆိုလေ၏။
ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။
ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
ဣဇာက်က``သင့်ညီလာ၍ငါ့ကိုလိမ်လည်လှည့်ဖြား လေပြီ။ သူသည်သင်ခံစားရမည့်ကောင်းချီးကို ယူသွားပြီ'' ဟုဖြေကြားလေသည်။
လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။
ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-