ကမ္ဘာဦး 27:28Common Language Bibleဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။- အခန်းကိုကြည့်ပါ။ |
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။-
လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
ကိုယ်တော်သည်သင်တို့ကိုချစ်၍ကောင်းချီးပေး တော်မူသဖြင့် သင်တို့သည်လူဦးရေတိုးပွား၍ သားသမီးများစွာရကြလိမ့်မည်။ သင်တို့၏ လယ်ကွင်းများကိုကောင်းချီးပေးသဖြင့်အသီး အနှံ၊ စပျစ်ရည်၊ သံလွင်ဆီတို့အထွက်များ လိမ့်မည်။ သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သိုးနွားတိရစ္ဆာန်များတိုးပွားများပြား လိမ့်မည်။ သင်တို့ဘိုးဘေးတို့အားကတိထား သောပြည်သို့သင်တို့ရောက်ရှိသောအခါ ထို ကောင်းချီးမင်္ဂလာများကိုချပေးတော်မူလိမ့် မည်။-