ကမ္ဘာဦး 27:2Common Language Bibleထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။- အခန်းကိုကြည့်ပါ။ |
ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။