Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 26:9

Common Language Bible

အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။ ဣ​ဇာက်​က``သူ​သည်​ကျွန်ုပ်​၏​မ​ယား​ဖြစ်​သည် ဟု​ပြော​လျှင်​အ​သတ်​ခံ​ရ​မည်​ကို​စိုး​ရိမ်​မိ ပါ​သည်'' ဟု​လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​ဘု​ရင်​သည်​အာ​ဗြံ​ကို​ဆင့်​ခေါ် ၍``သင်​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​သ​နည်း။ စာ​ရဲ​သည်​သင်​၏​မ​ယား​ဖြစ်​ကြောင်း​ကို ငါ့ အား​အ​ဘယ်​ကြောင့်​မ​ပြော​ပြ​သ​နည်း။-

အ​ဘိ​မ​လက်​က``သင်​သည်​ငါ​တို့​အား​အ​ဘယ် သို့​ပြု​မူ​သ​နည်း။ ငါ​၏​လူ​တစ်​ယောက်​ယောက်​က သင်​၏​မ​ယား​နှင့်​အ​ကြောင်း​မ​သိ​ဘဲ​ပြစ်​မှား မိ​လျှင် သင့်​ကြောင့်​ငါ​တို့​အ​ပြစ်​ကူး​လွန်​ရာ ရောက်​ပေ​မည်'' ဟု​ဆို​လေ​သည်။-

ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-

သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-

ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ