Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 26:34

Common Language Bible

ဧ​သော​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ဟိတ္တိ​အ​မျိုး​သား​ဗေ​ရိ​၏​သ​မီး​ယု​ဒိတ်၊ ဟိတ္တိ အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​ဗာ​ရှ​မတ်​တို့ နှစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-

ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။

ဧ​သော​သည်​ခါ​နာန်​အ​မျိုး​သ​မီး​များ​ကို ဖ​ခင်​ဣ​ဇာက်​မ​နှစ်​သက်​ကြောင်း​သိ​ရ​သ​ဖြင့်၊-

အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​ထံ​သို့​သွား​ပြီး လျှင် သူ​၏​သ​မီး​မ​ဟာ​လတ်​နှင့်​အိမ်​ထောင်​ပြု လေ​သည်။ မ​ဟာ​လတ်​သည်​ကား​န​ဗာ​ယုတ်​၏ နှ​မ​ဖြစ်​သ​တည်း။

ဧ​သော​သည်​ခါ​နာန်​ပြည်​အ​မျိုး​သ​မီး​များ နှင့်​အိမ်​ထောင်​ကျ​သည်။ သူ​၏​မယား​များ​မှာ ဟိတ္တိ​အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မျိုး​သား​ဇိ​ဘောင်​၏​သား​ဖြစ်​သူ​အာ​န​၏ သ​မီး​အ​ဟော​လိ​ဗာ​မ၊ ဣ​ရှ​မေ​လ​၏​သ​မီး တည်း​ဟူ​သော၊-

အ​ဟော​လိ​ဗာ​မ​သည်​သား​ယု​ရှ၊ ယာ​လံ​နှင့် ကော​ရ​တို့​ကို​လည်း​ကောင်း​ဖွား​မြင်​လေ​သည်။ ဤ​သား​တို့​သည်​ခါ​နာန်​ပြည်​တွင်​ဖွား​မြင် သော​ဧ​သော​၏​သား​များ​ဖြစ်​ကြ​သည်။

သင်​တို့​၏​သား​များ​သည်​ထို​ပြည်​ရှိ​အ​မျိုး သ​မီး​များ​ကို​ထိမ်း​မြား​မိ​သ​ဖြင့်၊ ထို​အ​မျိုး သ​မီး​တို့​သည်​ငါ့​ကို​စွန့်​၍ သူ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​ရန်၊ သင်​တို့​၏​သား​များ ကို​ဖြား​ယောင်း​ကြ​လိမ့်​မည်။

သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-

အ​ဘယ်​သူ​မျှ​ဧ​သော​ကဲ့​သို့​မ​သ​မာ​သူ၊ လော​ကီ​ဆန်​သူ​မ​ဖြစ်​စေ​နှင့်။ ဧ​သော​သည် သား​ဦး​အ​ရာ​ကို​ထ​မင်း​တစ်​နပ်​စာ​ဖြင့် ရောင်း​ခဲ့​ပေ​သည်။-

ထို​နောက်​ဒါ​ဝိဒ်​သည်​ဟိတ္တိ​အ​မျိုး​သား​အ​ဟိ မ​လက်​နှင့်​ဇေ​ရု​ယာ​၏​သား၊ ယွာ​ဘ​၏​ညီ အ​ဘိ​ရှဲ​တို့​အား``သင်​တို့​နှစ်​ဦး​အ​နက် အ​ဘယ်​သူ​သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့ ငါ​နှင့်​အ​တူ လိုက်​ပါ​မည်​နည်း'' ဟု​မေး​၏။ အ​ဘိ​ရှဲ​က``အ​ကျွန်ုပ်​လိုက်​ပါ​မည်'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ