Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 26:30

Common Language Bible

ဣ​ဇာက်​သည်​စား​သောက်​ပွဲ​ကို​ပြင်​ဆင်​၍ သူ တို့​အား​လုံး​အ​တူ​တ​ကွ​စား​သောက်​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။

ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။

နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင် သူ​တို့​အ​ချင်း ချင်း​တစ်​ဦး​နှင့်​တစ်​ဦး​ကတိ​သစ္စာ​ပြု​ကြ​၏။ ထို့ နောက်​သူ​တို့​အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​လျှင် မိတ်​ဆွေ​ဖြစ်​လျက်​ခွဲ​ခွာ​ကြ​လေ​သည်။

သူ​သည်​တိရစ္ဆာန်​တစ်​ကောင်​ကို​သတ်​၍​တောင် ပေါ်​တွင်​ယဇ်​ပူ​ဇော်​ပြီး​လျှင်​သူ​၏​သား​ချင်း တို့​ကို​ဖိတ်​ခေါ်​လျက်​စား​ကြ​၏။ ထို​သို့​စား သောက်​ကြ​ပြီး​နောက်​သူ​တို့​သည်​တောင်​ပေါ် တွင်​ည​အိပ်​ကြ​၏။-

ထို​နောက်​ယေ​သ​ရော​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန် မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ ဇော်​ရာ​ယဇ်​များ​ကို​ဆောင်​ခဲ့​၏။ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အပေါင်း တို့​သည်​ယေ​သ​ရော​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​အ​စား​အ​စာ​သုံး​ဆောင်​ရန် လာ​ကြ​၏။

လူ​တိုင်း​နှင့်​တတ်​နိုင်​သ​မျှ​ငြိမ်း​ချမ်း​စွာ​နေ ထိုင်​ကြ​လော့။-

လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-

သင်​တို့​သည်​မ​ညည်း​မ​ညူ​ဘဲ​အ​ချင်း​ချင်း အား​ကျေ​ပွန်​စွာ​ဧည့်​ဝတ်​ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ