သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-
အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။-
ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-
ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။
သူ၏အိမ်ထောင်စုသားတို့သည်ချမ်းသာ ကြွယ်ဝလိမ့်မည်။ သူသည်အစဉ်အမြဲကောင်းစားလိမ့်မည်။
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။