Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 25:33

Common Language Bible

ယာ​ကုပ်​က``သင်​၏​သား​ဦး​အ​ရာ​ကို​ပေး​မည် ဟု​ဦး​စွာ​ကတိ​သစ္စာ​ဆို​ပါ'' ဟု​ပြော​သည်။ ဧ​သော​သည်​က​တိ​သစ္စာ​ဆို​၍​သား​ဦး အ​ရာ​ကို​ယာ​ကုပ်​အား​ပေး​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။

သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-

ဧ​သော​က``ငါ​သည်​သေ​လု​အောင်​ဆာ​နေ​ပြီ။ သား​ဦး​အ​ရာ​သည်​ငါ့​အ​ဖို့​မည်​ကဲ့​သို့ အ​ကျိုး​ထူး​ရှိ​နိုင်​မည်​နည်း။ သား​ဦး​အ​ရာ ကို​ယူ​လော့'' ဟု​ပြန်​ဖြေ​၏။

ထို​အ​ခါ​ယာ​ကုပ်​က​မုန့်​နှင့်​ပဲဟင်း​ကို​သူ့​အား ပေး​၍​သူ​သည်​စား​သောက်​ပြီး​လျှင်​ထွက်​သွား လေ​၏။ ထို​သို့​လျှင်​ဧ​သော​သည်​မိ​မိ​၏​သားဦး အ​ရာ​ကို​မ​ထီ​လေး​စား​ပြု​သ​တည်း။

ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။

ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။ ဧ​သော​က``ကျွန်​တော်​သည်​ဖ​ခင်​၏​သား​ကြီး ဧ​သော​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။

ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။

ငါ​၏​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင်​သင်​တောင်း​သ​မျှ ကို​ငါ​ပေး​မည်'' ဟု​ကျိန်​ဆို​၍​ပြော​၏။

အ​ဘယ်​သူ​မျှ​ဧ​သော​ကဲ့​သို့​မ​သ​မာ​သူ၊ လော​ကီ​ဆန်​သူ​မ​ဖြစ်​စေ​နှင့်။ ဧ​သော​သည် သား​ဦး​အ​ရာ​ကို​ထ​မင်း​တစ်​နပ်​စာ​ဖြင့် ရောင်း​ခဲ့​ပေ​သည်။-

လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ