ကမ္ဘာဦး 25:30Common Language Bibleယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။) အခန်းကိုကြည့်ပါ။ |
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။