ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
ထိုမိန်းမသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကိုဖွားမြင်လေသည်။-
မိဒျန်၏သားများမှာဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါတို့ဖြစ်ကြသည်။ ထိုသူ အားလုံးတို့သည်ကားကေတုရ၏အဆက် အနွယ်များဖြစ်ကြသတည်း။
သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။-
တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
ဤဗျာဒိတ်တော်ကားအာရပ်ပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ သစ်ပင်မပေါက်သည့်အာရပ်နယ်မြေ၌၊ ကုန် စည်လှည်းရထားများကိုစခန်းချတတ် သည့်အချင်းဒေဒန်အမျိုးသားတို့၊-
ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
ဒေဒန်မြို့သားတို့သည်လည်းသင်နှင့်ကုန်သွယ် မှုကိုပြုကြ၏။ ပင်လယ်ကမ်းခြေအမြောက် အမြားမှလူတို့သည် ဆင်စွယ်နှင့်အနက်ရောင် ရှိသောသစ်သားများကိုသင်၏ကုန်ပစ္စည်း များနှင့်လဲလှယ်ကြ၏။-
ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-
လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။ သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသော ထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။