ရေဗက္ကနှင့်သူ၏အထိန်းကိုအာဗြဟံ၏ အစေခံလူစုနှင့်အတူလိုက်ပါသွားစေ ကြ၏။-
လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
ထိုနောက်အာဗြဟံ၏အစေခံနှင့် အဖော်တို့ သည်စားသောက်ကြပြီးလျှင် ထိုအိမ်၌ညအိပ် ၍နံနက်အိပ်ရာမှနိုးကြသောအခါ အာဗြဟံ ၏အစေခံက``သခင်ထံသို့ပြန်ပါရစေ'' ဟု ပန်ကြား၏။
သူတို့သည်ရေဗက္ကကိုခေါ်၍``သင်သည်ဤသူ နှင့်အတူလိုက်သွားလိုသလော'' ဟုမေး၏။ ``လိုက်သွားပါမည်'' ဟုဖြေကြားသဖြင့်၊
သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။
အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။-
သင်တို့သိသည်အတိုင်းငါတို့သည်အဘယ် အခါ၌မျှမြှောက်ပင့်၍မပြော။ ငါတို့ လောဘရှိ၍ဟန်ဆောင်သောစိတ်နှင့်မကြေ ညာမဟောပြောကြောင်းကို ဘုရားသခင် သည်ငါတို့သက်သေဖြစ်တော်မူ၏။-