Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 24:50

Common Language Bible

လာ​ဗန်​နှင့်​ဗေ​သွေ​လ​တို့​က``ဤ​အ​မှု​ကိစ္စ​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​အ​မှု​ကိစ္စ​ဖြစ်​ခြင်း ကြောင့်​ကျွန်ုပ်​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ရန် မ​လို​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-

မိန်း​မ​ပျို​သည်​လည်း​သူ​၏​မိ​ခင်​နေ​အိမ်​သို့ ပြေး​၍ အ​ကြောင်း​အ​ရာ​အ​ကုန်​အ​စင်​ကို ပြော​ပြ​လေ​၏။-

သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-

ထို​နောက်​သူ​သည်​ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​များ ကို​ထုတ်​၍​ရေ​ဗက္က​အား​ပေး​၏။ ရေ​ဗက္က​၏​မောင် နှင့်​မိ​ခင်​တို့​အား​လည်း​အ​ဖိုး​ထိုက်​တန်​သော လက်​ဆောင်​များ​ကို​ပေး​၏။

ထို​အ​ခါ​ရေ​ဗက္က​၏​မောင်​နှင့်​မိ​ခင်​တို့​က``မိန်း က​လေး​အား​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဆယ်​ရက်​ခန့် မျှ​နေ​စေ​ပြီး​မှ​သွား​ပါ'' ဟု​ဆို​ကြ​၏။

သူ​တို့​က၊ ``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။

ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-

ငါ​သည်​သင့်​အား​ဘေး​ဒုက္ခ​ရောက်​စေ​နိုင်​၏။ သို့​ရာ​တွင်​ယ​မန်​နေ့​ည​၌ သင့်​အ​ဖ​၏​ဘု​ရား က​သင့်​အား​မည်​သို့​မျှ​မ​ခြိမ်း​ခြောက်​ရ​ဟု ငါ့​ကို​သ​တိ​ပေး​မိန့်​မှာ​တော်​မူ​ခဲ့​၏။-

အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။

မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။

ဤ​အ​မှု​ကား​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​၌​အံ့​သြ​ဖွယ် ကောင်း​လှ​ပါ​သည်​တ​ကား။

သ​ခင်​ယေ​ရှု​က ``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။

ဤ​အ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏၊ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စကား​ကို​သင်​တို့​မ​ဖတ်​ဖူး​ကြ ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ