ငါ့အဖအမျိုးသားများဖြစ်သောငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍ ငါ့သားအတွက် မယားကိုရှာရမည်' မှာကြားပါသည်။ ထိုမှာ ကြားချက်ကိုနာခံပါမည်ဟုကတိသစ္စာခံစေ ပါသည်။-
ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။-
ထိုအခါကျွန်ုပ်က`အကယ်၍အမျိုးသမီးက ကျွန်ုပ်နှင့်မလိုက်လိုဟုဆိုသော်မည်သို့ပြုလုပ် ရပါမည်နည်း' ဟုသခင်အားမေးသော်၊-
သင်သည်ငါမွေးရာဇာတိပြည်သို့ပြန်သွား၍ ငါ၏အမျိုးသားချင်းတို့ထဲမှငါ၏သား ဣဇာက်အတွက်မယားရှာခဲ့ရမည်'' ဟုဆို လေ၏။
လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။-