Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 23:17

Common Language Bible

ထို​သို့​အား​ဖြင့်​မံ​ရေ​မြို့​အ​ရှေ့၊ မပ္ပေလ​အ​ရပ်​တွင်​ရှိ​သော​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​သည်​အာ​ဗြ​ဟံ​ပိုင်​မြေ​ဖြစ်​လာ​သည်။ သူ​ပိုင်​သော​မြေ​ကွက်​တွင်​ဂူ​နှင့် မြေ​ကွက်​ပေါ်​တွင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ၊ မြေ​ကွက်​အ​စွန်း​တိုင်​အောင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ​ပါ​ဝင်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ပိုင်​သော​မြေ​ကွက်​နှင့်​ဂူ​သည်​အာ​ဗြ​ဟံ​ပိုင်​သင်္ချိုင်း​မြေ​ဖြစ်​လာ​လေ​သည်။

မြေ​ကွက်​မှာ​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​မှ​အာ​ဗြ​ဟံ ဝယ်​ယူ​ခဲ့​သော​မြေ​ကွက်​ဖြစ်​၏။ စာ​ရာ​ကို​သင်္ဂြိုဟ် ရာ​သင်္ချိုင်း​တွင်​အာ​ဗြ​ဟံ​ကို​သင်္ဂြိုဟ်​ကြ​၏။-

သား​များ​ဖြစ်​ကြ​သော​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ တို့​သည် မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ​ဟိတ္တိ​အ​မျိုး​သား ဇော​ရ​၏​သား​ဧ​ဖ​ရုန်​ပိုင်​ခဲ့​သော​မြေ​ကွက်​တွင် မပ္ပေလ​ဂူ​၌​ဖ​ခင်​ကို​သင်္ဂြိုဟ်​ကြ​၏။-

အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။

ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-

အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။

ရက်​ရော​စွာ​ချေး​ငှား​တတ်​သော​မိ​မိ​အ​လုပ် တွင် ရိုး​သား​စွာ​ပြု​မူ​တတ်​သော​သူ​သည်​မင်္ဂ​လာ ရှိ​၏။

``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''

သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။-

သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ