Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 22:13

Common Language Bible

ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။

အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

အာ​ဗြ​ဟံ​က``ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်'' ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။

လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-

သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ