တစ်ဖန်အာဗြဟံသည်သူ၏သိုးအုပ်မှသိုး ကလေးခုနစ်ကောင်ကိုခွဲထုတ်လေ၏။-
ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။-
အဘိမလက်က``သင်အဘယ်ကြောင့်ထိုသို့ ပြုလုပ်သနည်း'' ဟုမေး၏။
အာဗြဟံက``ဤရေတွင်းသည်ငါတူးသော ရေတွင်းဖြစ်သည်ဟုအသိအမှတ်ပြုသည့် အနေဖြင့် ဤသိုးကလေးခုနစ်ကောင်ကို လက်ခံပါ'' ဟုဖြေကြားလေသည်။-